Property Description
တောင်ဥက္ကလာပ ကောလိယလမ်းမပေါ်က Mini Condo အခန်းအမြန်ရောင်းမည်
ရုံးခန်းဖွင့်မလား၊ Online Shopping လုပ်မလား၊ မိသားစုပဲ အေးအေးဆေးဆေး နေမလား... နေရာကောင်း၊ အချက်အချာကျပြီး ကားပါကင်လည်း စိတ်ကြိုက်ရပ်လို့ရတဲ့ အခန်းအဆင်သင့်လေးပါ။
ဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်ယူချင်သူများလည်း စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်
အချက်အလက်များနှင့် အားသာချက်များ
တည်နေရာ - တောင်ဥက္ကလာပမြို့နယ်၊ လူစည်ကားပြီး သွားလာရလွယ်ကူတဲ့ ကောလိယလမ်းမပေါ် (ရတနာလမ်းမကြီးကို တည့်ပေါက်တဲ့ အတွင်းလမ်းကျယ်ပေ ါ်မှာပါ)
အကျယ်အဝန်း - ၁၈' x ၅၄' ပေ (၈ ထပ်တိုက်ရဲ့ ၆ လွှာ)
အလှည့် - အများကြိုက် အရှေ့အလှည့် (နေရောင်ခြည်ရရှိမှု ကောင်းမွန်ပြီး လေဝင်လေထွက် မျှတပါတယ်)
အခန်းတွင်းဖွဲ့စည်းပုံ - Ceiling Height မြင့်မြင့်၊ ဝရန်တာကျယ်ကျယ်နဲ့ အခန်းထဲဝင်လိုက်တာနဲ့ မွန်းကြပ်မှုမရှိဘဲ စိတ်အပန်းပြေစေမှာပါ။
Master Bedroom (၁) ခန်း
Single Bedroom (၁) ခန်း
Living Room & Kitchen Room ကျယ်ဝန်းစွာ ဖွဲ့စည်းထာ းပါတယ်
အသင့်နေရုံ အကုန်ပြင်ဆင်ပြီး (Fully Furnished & Ready to Move)
BCC ကျပြီးသား၊ မီတာပါပြီး၊ ဓာတ်လှေကား (Lift) ပါဝင်ပါတယ်။
ရေအတွက် စိတ်မပူရအောင် အဝီစိ + ဂျိုးဖြူ ရေလိုင်း (၂) လိုင်း စလုံးပါတယ်။
တစ်အိမ်လုံးကို ၁၀၀% ရေစိုခံ ပါကေးအထူသား ခင်းပေးထားပြီး မျက်နှာကျက် မီးဆိုင်းအလှတွေ ဆင်ပေးထားပါတယ်။
အသစ်စက်စက် TV စင်၊ Sofa ဆက်တီ၊ Aircon 1.5 HP (၁) လုံး၊ အခန်းတိုင်းမှာ ခန်းပြည့်ဘီဒိုနဲ့ မှန်တင်ခုံ၊ Kitchen Counter အပြည့်အစုံ ပါဝင်ပါတယ်။
အရေးကြီးဆုံးအချက်ဖြစ်တဲ့ မီးပျက်ရင် စိတ်မညစ်ရအောင် Power Station ပါဝင်လို့ ၂၄ နာရီ မီးရရှိမှာပါ။
လုံခြုံရေးအတွက် သံပန်းပတ်လည်၊ ကျွန်းတံခါးအပြင် သံဘာဂျာတံခါးပါ ထပ်ဆင့်တပ်ဆင်ပေးထားပါတယ်။
ရောင်းဈေးနှုန်း
သိန်း ၃,၉၅၀ (ညှိနှိုင်း)
စိတ်ဝင်စားပါက အသေးစိတ်ကို အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ
3 Win Top Myanmar
09 954 688 592
09 978 113 224
Contact Agent
AKSW
09954688592
South Okkalapa
Property Details
Property Type
Mini Condo
Bedrooms
2
Bathrooms
2
Size
18x54
Floors
6
Year Built
Property Location























